Sunday 13 January 2013

တဒင်္ဂ


          အစိတ်အပိုင်းလေးတွေကနေ ကြီးမားတဲ့ အရာတစ်ခုကို တည်ဆောက်လို့ ရတယ်ဆိုတဲ့ အမှန်တရားတခုကို သူကောင်းကောင်း သိပါလျက်နဲ့ ဘာကြောင့် မတွေးမိပါလိမ့်လို့ ကိုယ့်ကိုယ်ကို ပြန်အံ့သြမိတယ်။ သစ်ပင်တစ်ပင်စီကိုပဲ မမြင်နဲ့၊ သစ်တောကို မြင်အောင်ကြည့်ပါတဲ့။ ကြားဖူးတာပါပဲ။ သစ်ပင်တစ်ပင်အောက်မှာ သစ်ကိုင်းပိနေတဲ့ လူတချို့ အတွက်များလား။

ပန်းချီကား တစ်ချပ်ကို ကြည့်ရင်တော့ လူအများစုက စုတ်ချက်တစ်ခုစီကို သတိမထား မိကြဘူးလေ။ ဒါပေမယ့် ပန်းချီကား တစ်ချပ်ဖြစ်ဖို့ ဆိုတာ စုတ်ချက်လေးပေါင်း ထောင်သောင်းချီပြီး စိတ်ရှည်လက်ရှည် ဆွဲရတာပဲ။ ငြီးငွေ့စရာအပိုင်းတွေလည်း ရှိမယ်။ တက်ကြွစရာ အပိုင်းတွေလည်း ရှိမယ်။ စိတ်မပါတော့တဲ့ အခါတွေလည်း ရှိမယ်။ ဆေးကုန်သွားတဲ့ အခါတွေလည်း ရှိမယ်။ စိတ်ရောကိုယ်ပါ နစ်မြုပ်သွားလို့ ပန်းချီကားနဲ့ ပန်းချီဆွဲသူတို့ တထပ်တည်းကျသွားတဲ့ အခါလည်း ရှိနိုင်မယ်။ ဒါပေမယ့် နောက်ဆုံး ပြီးသွားတဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်တဲ့ အခါ ဘယ်သူကများ ဒီတဒင်္ဂတွေကို မြင်လို့လဲ။ 
xxx

မရေးတာကြာပေမယ့်လဲ တဒင်္ဂတွေပျောက်ပျက်မသွားအောင် ရေးတော့ရေးဖြစ်နေပါတယ်။ သံလွင်ကို ပို့ထားတဲ့ ၀တ္ထုတိုလေးပါ။ ၀တ္ထုတစ်ပုဒ်လုံးကို ဒီနေရာမှာ ဆက်လက်အားပေးနိုင်ပါတယ်။