Monday 13 August 2007

မဆုံသော ချိန်ရွယ်ခြင်း

မဆုံတော့မဲ့ ပစ်မှတ်တစ်ခု
ငါချိန်ရွယ်ရင်း
တွေဝေ နေမိပြန်တယ်။
မြှားရဲ့ လားရာကို
ငါမသိ။
ဒါပေမယ့်
ပစ်မှတ် ကိုထိမှာလည်း
စိုးရွံ့မိတယ်။

ဘယ်ကို သွားမှာလဲ..
လေးတစ်လက်နဲ့
မြှားတစ်စင်းရဲ့ ရာဇ၀င်
ငါမကြားချင်လည်း
မြှားတစ်စင်း လွတ်ထွက်သွားခဲ့ပြီ။

4 comments:

Anonymous said...

မပုံရေ ... လွတ်ထွက်သွားတဲ့ မြှားတစ်စင်းရဲ့ လားရာနောက်ကို လိုက်သွား ရှာကြည့်တယ် ... ထိ မထိ သိ မသိ မသေချာ ...

Anonymous said...

တွေ့ရင်ပြောနော် ကိုမိုးညို

hnin said...

လွတ်ထွက်သွားတဲ့ မြား ဘယ်နေရာ ထိမှန်သွားသလဲ၊ သိချင်လိုက်တာနော်။

ပုံရိပ် / Pon Yate said...

မနှင်းနှင်း ပျင်းလို့ လိုက်မရှာ တော့ဘူး ဟီး