Monday, 15 December 2008

ထွက်ပြေးသူရဲ့ အရိပ်

ရေးဖို့ အကြောင်းအရာ ခေါင်းထဲမှာ မယ်မယ်ရရ စဉ်းစားလို့ မရဖြစ်နေတယ်။ ဘာမှ မတင်ဖြစ်တာ ကြာတော့ မျက်နှာပူ လာတယ်။ (ဘလောက် ငရဲမင်းနဲ့လဲ ထပ်မတွေ့ချင်ပါ။) ဒါနဲ့ပဲ ကဗျာလေး တစ်ပုဒ်လိုပဲ အလွယ်တကူ ချရေးလိုက်ပါတယ်။ ကဗျာလို့ပဲ သည်းခံပြီး ဖတ်ပါနော်။

xxx

အရိပ်
ကိုယ့်နောက်က ကပ်ပါလာမြဲ
အရိပ်
ကမ္ဘာတခြမ်းဝေးတောင်
ထွက်မပြေးနိုင်ခဲ့
အရိပ်
နာမည်တွေ အလီလီပြောင်းခဲ့လဲ
အရိပ်
မျက်နှာဖုံးများစွာ တပ်ဖူးခဲ့ပါတယ်
အရိပ်
ဘယ်လောက်ပင် ဖုံးကွယ်ထားပေမယ့်
အရိပ်
ကိုယ့်အရိပ်ဟာ
ကိုယ်ကိုတိုင်ပါပဲ။

6 comments:

ရွှေဂျမ်း said...

ပုံရိပ်ရဲ့ အရိပ်ကို လာခံစားသွားပါသည်။

P.Ti said...

အရိပ်
ကိုယ့်နောက်က ကပ်ပါနေပြီး အဝေးကို ထွက်မပြေးနိုင်ခဲ့
နာမည်တွေ အလီလီပြောင်းခဲ့ မျက်နှာဖုံးများစွာပြောင်းတပ် ဖုံးကွယ်ထားပေမယ့်
အရိပ်ဟာ ကိုယ့်အရိပ်မို့ ငါသွားရာကပ်ပါနေဆဲ...

ခံစားချက်ကော်ပီ လုပ်သွားပါတယ် ပုံရိပ်ရေ... အသစ်လေးရေးပါဦးနော်... :)

nu-san said...

ပုံရိပ်ရဲ့ ကဗျာလေးကို လာဖတ်သွားတယ်.. အခုက ဒုတိယ အကြိမ်မြောက်ပေါ့.. :)

Layma said...
This comment has been removed by the author.
Layma said...

ရပ်.. မပြေးနဲ့ .. မင်း ငါ့လက်က မလွတ်ပါဘူး..။

ပုံရိပ် / Pon Yate said...

မဂျမ်း နဲ့ ကိုပီတိ ခံစားချက်လေးတွေ လာခံစားသွားတာ ကျေးဇူးပါ။
မနုစံ ဘလောက်ကိုလဲ ပုံရိပ် လာလာချောင်းတယ် :D
မလေးမ ကြောက်ပါပြီ မပြေးတော့ပါဘူး။