ပုံရိပ်ရေးထားတဲ့ ၀တ္ထုတိုတစ်ပုဒ် သံလွင်အတွဲ(၃)၊ အမှတ်(၂) မှာပါလာပါတယ်။ ဖတ်ကြည့်ကြပါဦး။
ဒါကတော့ အမြည်းပေါ့။
xxx
ကျွန်မ သူ့ကိုစတွေ့စဉ် တစ်ယောက်တည်း ဖြစ်သည်။ မိုးအုံ့နေသော နေ့တစ်နေ့ဟု ကျွန်မမှတ်မိ နေပါသည်။ ရုံးဆင်းချိန်မို့ ကားမှတ်တိုင်မှာ လူတွေများ နေပေမယ့် ကျွန်မသူ့ကို ချက်ချင်းသတိထား မိသွား၏။ သူဝတ်ထားသော အဆင်ဆန်းဆန်းနဲ့ အင်္ကျီကိုယ်ကျပ်ကြောင့် များလား။ သူ့ရဲ့အသုံးအဆောင် ပစ္စည်းများက သစ်လွင်နေလို့လား။ ကျွန်မ အတိအကျ မမှတ်မိတော့ပါ။ ဒါပေမဲ့ သူ့အမူအရာက တည်ငြိမ်လွန်းသည်ဟု မှတ်မိနေပါသည်။ သေချာစဉ်းစားကြည့်တော့ သူ့အဆင်အပြင်နှင့် အမူအရာသည် ကွာဟလွန်းနေသည်ကိုး။
ကားများ တ၀ီဝီသွား နေကြသော လမ်းမပေါ်ကို သူငေး၍ ကြည့်နေသည်။ သူ့အကြည့်မှာ ၀မ်းနည်းဟန်မပါ၊ တည်ငြိမ်မှုနှင့် လေးနက်မှုတစ်ခု သာရှိပါသည်။ တော်တော်ကြည့်ကောင်းတဲ့ မိန်းကလေး တစ်ယောက်ပဲ။ တက္ကသိုလ် ကျောင်းသူလေး တစ်ယောက် ဖြစ်နိုင်ပါသည်။ ဒါမှမဟုတ် ဘွဲ့ရပြီးစ အလုပ်ဝင်စ မိန်းကလေး တစ်ယောက် ဖြစ်နိုင်သည်။ အလုပ်မရ သေး၍ ရှာနေသူလည်း ဖြစ်နိုင်တာပဲ။ ခုခေတ်စားနေသော ဘာသင်တန်း ညာသင်တန်းတွေ ချည်းပဲလိုက်တက် နေသူကော၊ ဖြစ်နိုင်သေးတာပဲ။ ၄၅ ကားလာတော့ သူပြေးတက်ကာ သွားသည်။
xxx
ကျန်တဲ့ အပိုင်းကို ဆက်ဖတ်ချင်ရင်တော့ ဒီကိုသွားနိုင်ပါတယ်။
11 comments:
Yes, I will go and read... :)
ပုံရိပ်ရယ်… အဲဒီလို ဇာတ်သိမ်းလိမ့်မယ်လို့  မျှော်လင့်မထားမိတော့ ဖတ်ပြီး ငိုင်သွားတယ်…
ပြီးတော့ တွေးတယ်… ကြိုး… အဲဒီကြိုးလေးက ဇာတ်လမ်းပြောသူနဲ့  ကောင်မလေးကြားမှာ အပြန်အလှန်ရှိနေခဲ့တာ… နောက်ဆုံး အပြုံးလေးက သက်သေတည်သွားတယ်… ကောင်မလေးက ရည်ရွယ်ချက်နဲ့  ကားတွေရှူပ်တဲ့ လမ်းမဆီကို သွားခဲ့တာများလား… တယောက်နဲ့ တယောက် ဘာစကားမှ မဆိုမိကြပေမယ့် သံယောဇဉ်ကြိုးကတော့ ခိုင်မြဲစွာ နှောင်ဖွဲ့ တတ်တာပဲနော်… ရင်ထဲမှာ နင့်နေတယ်ညီမရေ….
မမယ်လိုဒီ ကျေးဇူးပါ။
မတန်ခူးရေ ခုလို ကော်မန့်ရှည်ကြီး ရေးသွားတာ ကျေးဇူးပါ။ သူစိမ်းနှစ်ယောက်ကြားက မမြင်ရတဲ့ ကြိုးမျှင်မျှင်လေးကို ပြချင်တာပါ အစ်မရေ။
သံလွင် စထွက် ကတည်းက ပုံရိပ် ၀တ္ထုကို အရင်ဆုံး ရွေးဖတ်ထားတာ။
ရင်နင့်အောင် ကောင်းတယ်။
ဟင့်.ဟင့်. ရွှတ်..ဖတ်..
(ဟိ.ဟိ.. ညစ်ပတ်ကုန်ပီ)
သနားပါဒယ် .. တောင်မလေးခမျာ..
လုပ်ရက်တယ် ဒေါ်ပုံရိတ်ရယ်..
မချို ခုလို အားပေးတာ ကျေးဇူးပါ။ နောက်လည်း ဆက်ရေးဖို့ ကြိုးစားပါဦးမယ်။
ကိုနတ်ဆိုး မျက်ရည်တွေ အိုင်ကုန်ပြီ။ သုတ်လိုက်ဦး သုတ်လိုက်ဦး။
မမြင်ရဘူးလေ ရှိနေတယ်...အဲ့ဒါ..ကြိုး..အနီးစပ်ဆုံး ဥပမာပါပဲ။ ကြိုက်တယ် ပုံရိပ်။
ပုံရိပ်ရေ...
ဖတ်ပြီးတာ ကြာပါပြီ... အရမ်းကြိုက်ပါတယ်...
အချိန်နဲနေလို့ မှတ်ချက်ဝင်မရေးဖြစ်သေးတာ...
သိပ်ကောင်းတဲ့ ကြိုးလေးပါ...
ပြီးတော့ မမျှော်လင့်ပဲ သိပ်လဲ ခိုင်မြဲနေတတ်သေးတာ...
အခုတလော ကိုယ်လဲ မမြင်ရတဲ့ အဖြုရောင်ကြိုးတွေနဲ့ ရစ်ပတ်ခံထားရတယ်...
တခါတခါတော့လဲ အဲဒီကြိုးတွေက ပူလောင်တယ် ပုံရိပ်ရယ်...
မသီတာနဲ့ မသက်ဝေ အားပေးတာ ကျေးဇူး။ တခါတလေ မမျှော်လင့်ပဲ ဖြတ်တောက်လို့ ခက်တဲ့ ကြိုးတွေဖြစ်လာတတ်တယ်။
ဒါကြောင့် ပုံရိပ်ကို စာအမြဲရေးစေချင်တာ။
သိပ်ဆွဲဆောင်မှုရှိပြီး ရိုးရိုးလေးနဲ့ ကြိုးမျှင်မျှင်လေးကို လွမ်းသွားစေတယ်။
မိန်းကလေးရဲ့ အခက်အခဲကို တွေးကြည့်နေမိတာ တကယ့်ကို တနံတလျားပဲ။ စိတ်ထဲ မကောင်းလိုက်တာ။
မမိုးချိုသင်း အားပေးတာ ကျေးဇူးပဲ။ တစိမ်းတွေ ကြားထဲမှာလည်း အမှတ်မထင် ကြိုးလေးတွေ ရှိနေတတ်တယ် ဆိုတာ တွေးမိရင်း ရေးဖြစ်ပါတယ်။ ခုတလောတော့ စာပြန်ရေးဖို့ ကြိုးစားရဦးမယ် အစ်မရေ။
Post a Comment