Monday 1 March 2010

အလွမ်းတွေ

နှင်းတွေ ဖုံးနေသေးတဲ့ သစ်ပင်တွေမှာ

တိမ်ဖြူဖြူ တချို့ ပေကျံနေတဲ့ ကောင်းကင်ပြာကြီး ထဲမှာ

ဆွတ်ဆွတ်ဖြူနေတဲ့ အိမ်ခေါင်မိုးတွေ ပေါ်မှာ

ရုတ်တရက် ထပျံသွားတဲ့ ငှက်နီနီလေးရဲ့ ရင်အုပ်ထဲမှာ

သိုးမွှေးဦးထုပ် ဆင်တူနဲ့ လက်တွဲထားတဲ့ အမည်မသိ စုံတွဲရဲ့ ရယ်သံတွေထဲမှာ

ခပ်ဝေးဝေးက ကားဟွန်းသံ တိုးတိုးတိတ်တိတ်ထဲမှာ

မီးရောင်နဲ့ နွေးထွေးနေတဲ့ အိမ်နီးချင်းတွေရဲ့ ထမင်းစား ၀ိုင်းထဲမှာ

ဈေးဆိုင်မှာ တွန်းလှည်းလေးနဲ့ ဖြတ်သွားတဲ့ အမေနဲ့ ကလေးဆီမှာ

ဆွေးဆွေးမြည့်မြည့် တေးသွား တစ်ပုဒ်ထဲမှာ

စိတ်ဝင်စားစရာ မကောင်းတဲ့ နေ့လည်ခင်း တစ်ခုဆီမှာ

ကိုယ်ရေလောင်းဖို့ မေ့နေတတ်တဲ့ သစ်ပင်လေးဆီမှာ

ဖတ်လက်စ မှောက်ထားမိတဲ့ စာအုပ်လေးရဲ့ အောက်မှာ

သကြားမပါတဲ့ ကော်ဖီ ပျစ်ပျစ် တစ်ခွက်ထဲမှာ

အလွမ်းတွေ……………….။

10 comments:

သက်ဝေ said...

ဒီနေ့မနက်စောစော ရုံးကိုအလာမှာ နှင်းမဟုတ်ပေမယ့် မြူတွေ မှုန်မှုန်မှိုင်းမှိုင်းနဲ့ ရာသီဥတုက အေးစက်စက်နဲ့ လွမ်းစရာလေးလို့ တွေးရင်း ရုံးကိုရောက်လာတယ်...
ရုံးရောက်ရောက်ချင်း ပုံရိပ်ရဲ့ အလွမ်းတွေနဲ့ တန်းတိုးတော့တာပါပဲ...
ကိုယ်လဲ ပုံရိပ်နဲ့ သံတူကြောင်းကွဲ လွမ်းနေပါတယ်...

မေငြိမ်း said...

ခုတလော စာရေးဖို့စဉ်းစားလည်း အဲဒီအလွမ်းတွေပဲ..အင်းးး တကယ်ပဲ.. ထပ်တူ အလွမ်းတွေ...

လုလု said...

ဖတ်ရင်းလွမ်း

ချစ်ကြည်အေး said...

ပုံပုံ တယ်လည်း လွမ်းတတ်နေပါလား...ဒီကလေး...
အမက လွမ်းချင်တာတောင် ဘာကို လှမ်းလွမ်းရမှန်း မသိဖြစ်နေတာ...:) ကဗျာလေးက ကောင်းပါ့...:)

ပုံရိပ် / Pon Yate said...

မသက်ဝေ၊ ဆရာမ မေငြိမ်း၊ မလုလု အားလုံးက လွမ်းနေကြတာပဲ ထင်ရဲ့နော်။
မချစ်ကြည် ပုံရိပ်ကတော့ ဘာကိုမှန်း မသိဘဲလည်း လွမ်းတတ်တယ်။ :D

Hmoo said...

ကဖျာလေးကချစ်စရာ

ပုံရိပ် / Pon Yate said...

Hmoo ကျေးဇူးနော်။

တန်ခူး said...

အလွမ်းတွေ... အချိန်တွေဘယ်လောက်ကြာကြာ နေသားမကျသွားတဲ့... အသစ်အသစ်သာ ပြန်ပြန်ဖြစ်တတ်တဲ့ အလွမ်းတွေ... လျော့လျော့မသွားပဲ တိုးတိုးလာတဲ့ အလွမ်းတွေ... ပုံရိပ်ရေ... အလွမ်းတွေကြား အတူစီးမျောကြအောင်လား... ရေးပါဦးညီမရေ... လွမ်းလို့ 

Moe Cho Thinn said...

မလွမ်းချင်တော့ဘူး.. လွမ်းရလွန်လွန်းလို့.. :)

ပုံရိပ် / Pon Yate said...

ရေးဖော်ရေးဖက် အစ်မနှစ်ယောက်က လာလွမ်းသွားတော့ ဘလောက်ကိုတောင် ပြန်လွမ်းလာပြီ။ ရေးဖို့ ကြိုးစားလိုက်ဦးမယ် အစ်မတို့ရေ။