စာအုပ်တွေ ရောက်လာပြီဆိုကတည်းက သူပျော်နေခဲ့ပါသည်။ စာပို့သမား လက်ထဲက လက်ကမ်းယူလိုက်သော အထုပ်ကလေးသည် သူ့လက်ထဲမှာ စေးပိုင်စွာကျန်ရစ်သည်။
သူ့စိတ်ရွှင်လာပြီး လေလေးများပင် ချွန်လိုက်သေးသည်။ စာအုပ်ထုပ်ကို လက်ထဲမှာ
ချိန်ဆရင်း အိမ်ထဲဝင်လာခဲ့သည်။
ကလေးတစ်ယောက်လို သိချင်ဇောနှင့် အထုပ်ကို ဖွင့်နေမိသည်။ ရုတ်တရက်
အထုပ်ကို ဖွင့်ရန်အတွက် ကတ်ကြေးရှာမတွေ့သည်ကိုပဲ စိတ်တိုနေမိသေး၏။
တစ်နယ်တစ်ကျေးမှာ တစ်ယောက်တည်းနေသောသူ့ဆီ ဖေဖေနှင့်မေမေက
အစားအသောက်များ အပြင် သတိတရ အမြဲပို့သည်က မြန်မာစာအုပ်လေးများ ဖြစ်သည်။
အခုတစ်ခါမှာတော့ စာအုပ်အဟောင်းများ ပို့ပေးလိုက်သည်ဟု ဆိုသည်။
ရသကမ်းခြေ လပွတ္တာအွန်လိုင်း မဂ္ဂဇင်းမှ "စာအုပ်ဟောင်းလေးများ အကြောင်း" ကိုဒီနေရာတွင် ဆက်လက်အားပေး နိုင်ပါသည်။
http://www.lptmagazine.net/2013/08/blog-post_23.html
3 comments:
ဖေဖေနဲ့ စကားပြောတဲ့ အခန်းလေးကို ချစ်လိုက်တာ....း-)
ဖတ်ကောင်းလိုက်တာ ညီမရယ်. စိတ်ကူးလေးကိုလဲ သဘောကျသွားတယ်. စာအုပ်တအုပ်ချင်းပေါ်အတွေးဖြန့် ကျက်သွားတာ သဘောကျမိတယ်. အဆုံးဇာတ်လမ်းလေးက စိတ်ဝင်စားစရာ. လက်တွေ့ ဆန်တဲ့သူတွေလဲ ခံစားတတ်ကြတာပဲမိုလား. အမပထမဆုံးဖတ်ဖြစ်တဲ့ဝတ္ထုကလဲ ခိုင်ပါပဲ
မသက်ဝေ…မတန်ခူး
ဇာတ်လမ်းကို ဘယ်လို အဆုံးသတ်ရမယ် မသိလို့ ဒီစာကိုရေးပြီး ပစ်ထားမိတာ ကြာပြီ။ တစ်နေ့ကျတော့မှ ဒီလိုအဆုံးသတ်ရင်တော့ မဆိုးဘူးဆိုပြီး တွေးမိလို့ အပြီးသတ်ဖြစ်သွားတာ။ အိမ်က ပို့တဲ့ စာအုပ်အဟောင်းလေးတွေကို ဖတ်ရင်း ရလာတဲ့ စာလေးတစ်ပုဒ်ပါ။
မသက်ဝေ…အိတ်လေးကို ကြည့်ပြီး တွေးလိုက်ဦးမယ်နော် ။
Post a Comment