အားလုံးသိကြတဲ့ အတိုင်း ပုံရိပ်တစ်ယောက် အသစ်မတင်တာ ကြာနေပြီ။ အလုပ်တွေများလို့ပါလို့ ဆိုချင်ပေမယ့် အလုပ်မများနေတဲ့ အခါရော ဘာလုပ်နေပါသလဲလို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါတယ်။ အလုပ်အားတဲ့ အခါ စာရေးရတာထက် လွယ်ကူတဲ့ အလုပ်ကို လုပ်နေတာကိုး။ ဒါလည်း ထည့်ပြောဦးမှပေါ့လေလို့ ကိုယ့်ကိုယ်ကို ဆုံးမမိပါတယ်။ စာဖတ်ရတာက စာရေးရတာထက် လွယ်တယ် မဟုတ်လား။ သူတပါး ဖန်တီးထားတဲ့ အရာကို ခံစားနားလည် ရတာက ကိုယ်ကိုယ်တိုင် ဖန်တီးရတာထက် လွယ်တာပေါ့။ အားတဲ့အခါ ရုပ်ရှင်လေးကြည့်လိုက်၊ စာလေးဖတ်လိုက်နဲ့ ပုံရိပ်စိတ်ကူးထဲမှာ ရှိနေတဲ့ စကားလုံးတွေ မှိန်မှိန်သွားပါတော့တယ်။ တခါတလေတော့လည်း ရေးချင်စိတ်ပေါ်လာမိသား။ အဲ….ရေးချင်စိတ် သည်းထန်တဲ့ အချိန်ကတော့ မအားတဲ့ အချိန်ပေါ့။
ဆင်ခြေတွေ ပေးတာ များပြီ။ ပို့စ်သာ တင်ပါတော့လို့ ကိုယ့်ကိုယ်ကို ဆုံးမရင်း ဒီစာတိုလေးကို ရေးလိုက်ပါတယ်။ စာရှည်တစ်ပုဒ်ကတော့…… ဟဲ...ဟဲ... ခေါင်းထဲမှာ ပဲရှိသေးတယ်....။
2 comments:
ဘယ်သူလဲကွ ဒီဘလော့မှာ စာလာရေးတာ။ အိုး.. ပုံရိပ်လား.. ပျောက်တာကြာနေတာ့ မမှတ်မိလို့နော်။
မြန်မြန်ရေးပါဗျို့။ မရေးရင် စိတ်ထဲဝင်ပြီးဖတ်မှာနော်… ဟားဟား
ဟေး စိတ်ထဲဝင်ဖတ် သလား။ အသစ်တင် လိုက်ပြီ။
Post a Comment