Monday 16 July 2007

ကြွေပွင့်


တလွင့်လွင့်လျှင်
လက်ဖြင့်ခြွေနှယ်
ပန်းတေလေတို့
လမ်းမှာကြွေ။

ရယ်မောရက်စက်
သက်သက်မညှာ
နင်းရက်ကာပင်
ကြင်နာမဲ့စမ်း
ပန်းခြွေလေ။

ပင်ထက်မြင့်စံ
ကိုပန်းမာန်တို့
ခုတော့ဘယ့်နှယ်
ပင်ခြေရင်းသက်
ဟက်ဟက်ရယ်မော
လေကြမ်းပြောခဲ့။

ပန်းတို့မငို
ဖြည်းဖြည်းသံချို
အေးအေးဆိုသည်…
မြေဆီကိုစား
မြေသားနဲ့ဆက်
ကိုယ့်အသက်ဟာ
မြေ့ထံမှာမို့
သခင့်ရင်ထက်
ကိုယ်မှေးစက်မည်
ခက်ရိပ်ခိုနား
ကြွေပွင့်များနှင့်။

တကယ်တော့ ပုံရိပ် ဘလောက်ရေးခြင်းမှ ခဏအနားယူ သင့်တာကြာပါပြီ။ သံယောဇဉ် မပြတ်နိုင်တော့ ခက်တာပေါ့လေ။ မလုပ်မနေရ အလုပ်တစ်ခုကို အပြီးသတ်ရ မှာမို့ ခဏတာ အနားယူလိုက် ပါဦးမည်။ ဒီကြားထဲ သိပ်ပြီး ပြန်လာချင်လွန်းရင်တော့ ပြန်လာကြည့် ပါမယ်။ ပေါ်လိုက်ပျောက် လိုက် ပေါ့။ ပို့စ်ကတော့ မတင်နိုင်ဘူးပေါ့။ ပုံရိပ် ပြန်လာမှာပါ။ လာလည်၊ လာဖတ်ကြတဲ့ မောင်နှမများ အားလုံး ကျေးဇူးပါ။


5 comments:

Mr.Pooh @ မောင်ပွတ် said...

ပုံရိပ်ရေ - ဘာလို့နားသွားရပြန်တာတုန်း။ သတင်းကြားလို့ ပြေးလာတာ။ ရေးပါ များများရေးပါနော်။

Anonymous said...

ပုံရိပ်ကလည်း နားတော့မယ်တဲ့ ။ ဘာညာကလည်း ဘီးဇီး.. မပန်ကလည်း ပန်ဒိုရီတဲ့.. ပုံရိပ်ကလည်း နားဦးမယ်.. မလေးကလည်း ပေါ်လိုက် ပျောက်လိုက်... ဂျစ်တူးကို တယောက်တည်း ထားခဲ့ကြတယ်း(

ကလိုစေးထူး said...

ကွန်မန့် မရေးဖြစ်ခဲ့ပေမယ့် ဒီကို မကြာခဏဆိုသလို အလည်လာဖြစ်ပါတယ်။ ခဏတဖြုတ်နားတာပဲ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

Anonymous said...

ကိုပွတ်... မဂျစ်.. ကိုစေးထူး.. နောက်တစ်ပတ်လောက် ကြာရင်ပြန်လာ မယ် :)

MELODYMAUNG said...

ပုံရိပ်ရေ ဆီဗုံးမတွေ့လို့ ကွ
မနက်ဖန်(26.7.07) 5နာရီ coffee king မှာ seminar ကိတ်စ အစည်းအဝေး လာပါဦး http://nayphonelatt.blogspot.com/2007/07/seminar.html
မောင်ကိုယ်တိုင်လာဖိတ်တာ ဟဲဟဲ