Monday 30 July 2007

ကြယ်ကြွေတဲ့ည

ည…
လက တခြမ်းပဲ့နေတယ်
ဘယ်မှာ လဲကွယ်
မင်းခြေရာ
အလင်းရောင်တွေ
အများကြီး သောက်မိလို့
ကိုယ် မအိပ်နိုင်ဘူး။

ကြယ်တွေကို ရေတွက်နေရင်း
အသက်ကြီး သွားတာတောင်
မသိလိုက် ပါလား။

ကိုယ့်ရင်ပတ်ပေါ်
ကြွေကျသွားတာ
ကြယ်တစ်စင်းလား
နှလုံးသား တစ်စုံလား

ကိုယ့်လက်နဲ့ ထိလုလု
ကောင်းကင်ပြိုကျ
ကိုယ် လန့်နိုး ခဲ့ပြီ။

7 comments:

pandora said...

ဟေး... ကြယ်တွေကြွေနေလား.. ကိုယ်ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ် အမှတ်ရသွားတယ်.. အသစ်မရေးနိုင်တဲ့ အချိန်မှာ ပြန်ရှာပြီးတင်ဦးမှ..ဟဲ

Anonymous said...

ကိုယ်လဲကြွေချင်လာပြီ
ကဗျာလေးကောင်းလိုက်တာ ပုံရိပ်ရေ

Anonymous said...

နောက်ဆုံးအပိုဒ်လေးကို သိပ်ကြိုက် ။

မပန် နဲ့ ပုံရိပ်တို့ကတော့ အပီအပြင် ကြွေနေကြပြီး)

မလေးရေ.. ဂျစ်တို့လည်း ဘာကြွေရင်ကောင်းမလဲဟင်း)

Tesla said...

အလင်းရောင်တွေသောက်သတဲ့..
ကြယ်တွေကို ရေတွက်နေရင်း
အသက်ကြီး သွားတာတောင် မသိလိုက်ဘူးတဲ့..
ရွှီး ဖြောင်းဖြောင်း ဂွတ်တယ်ဗျို့.

Anonymous said...

thank you all for your comments =)

Anonymous said...

မင်းခြေရာ
အလင်းရောင်တွေ
အများကြီး သောက်မိလို့
ကိုယ် မအိပ်နိုင်ဘူး။ << အဲဒါလေးကို ထိတယ်.. =)

Anonymous said...

demo..ကြိုက်တယ် ဆိုလို့ ၀မ်းသာ ပါတယ်