Thursday 23 August 2012

ကားမောင်းခြင်း


ဘီးခွေပေါ်လက်တင်
ရှေ့ကိုတည့်တည့်ကြည့်
ဘေးကို သိပ်မငေးနဲ့
အလျှော့ပေးတဲ့ အခါပေး
ကျော်တက်တဲ့ အခါတက်
ဘေးချပေးတဲ့ အခါပေး။
စုတ်တဲ့ကား
ချာတဲ့ကား
ဟောင်းတဲ့ကား
ပြောင်တဲ့ကား
မြန်တဲ့ကား
လှတဲ့ကား
ကြီးတဲ့ကား
မြင့်တဲ့ကား
ရှည်တဲ့ကား
ကိုယ့်ကားကရော
ဘာကားလဲ။

စည်းကမ်းဖောက်သူ
လိမ္မာသူ
မိုက်ရိုင်းသူ
မိုက်မဲသူ
အချက်မပြသူ
ညာဖက်က ကျော်တက်သူ
မြင်ကွင်းကွယ်မှာ နေသူ
ပြိုင်ချင်သူ
အလျှော့ပေးသူ
ကပ်လိုက်သူ
ကပ်ကျော်သူ
ကိုယ်ကရော
ဘာလူလဲ။

တဘီးခြင်းလှိမ့်
မိုင်နှုန်းကန့်သတ်ချက်တွေများ
တိမ်တွေဆီ ဦးတည်
လမ်းမပျောက်နဲ့
စည်းမဖောက်နဲ့
ချိုင့်ခွက်တွေရှောင်
လှည့်ကင်းကိုရှောင်
မီးရောင်မြင်ရင်
အရှိန်လျှော့
ဖြောင့်တဲ့ အခါဖြောင့်
ကွေ့တဲ့ အခါကွေ့
အနိမ့်အမြင့်
အဆင်းအတက်
ပျင်းတဲ့အခါလည်းပျင်း
သီချင်းညည်းရင်း
ကားမောင်းခြင်း။

2 comments:

သက်ဝေ said...

ပုံရိပ်ရေ... သတိရလိုက်တာ...
အဲဒါကြောင့် ပုံရိပ်ရဲ့ကားနောက်က ဖြေးဖြေးလေး လိုက်မောင်းလာပါတယ်... ကိုယ်ရောင်ဖျောက်... အဲလေ... ကားရောင်ဖျောက်မသွားရဘူးနော်....း))

ပုံရိပ် said...

အစ်မရေ...အမြဲပင်တိုင် အားပေးတာ ကျေးဇူး။ ပုံရိပ်လည်း ဖြည်းဖြည်းလေးပဲ သွားနေပါတယ်။ ကိုယ်ရောင်ဖျောက် မသွားပါဘူး။ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတာ တခုပါပဲ။ :D