Monday 12 May 2008

မုန်တိုင်း

မုန်တိုင်းကြောင့် ထိခိုက်ကြရသူများ အားလုံးသို့......

မုန်တိုင်း…..

အရိုင်းဆင်ကာ

နာနာပြင်းပြင်း

ထင်းထင်းပြက်ပြက်

နင်းခတ်ရက်သည်။

ပြားအိမ်ဝပ်ဝပ်

ငိုသံအော်သံ

ဆူညံလွင့်ပါး

ထိုးထွက်ကြားသည်။

အပျက်အစီး

ထီးထီးမကျန်

ချုံးချုံးဘဝ

ခြွတ်ခြုံကျကာ

ကြာခဲ့ပြီလေ………

ကြာလေပြီပဲ

လျှပ်တပြက်လား…

တသက်မက တော့ပြီလား….။

5 comments:

ကလိုစေးထူး said...

ကဗျာကို ဖတ်ပြီးတော့ ကဗျာရေးသူ ပုံရိပ်နဲ့ ထပ်တူထပ်မျှ ခံစားရပါတယ်။

P.Ti said...

တသက်မကတော့ပြီလား… မေးခွန်းမေးစရာတကယ်ဖြစ်နေပြီကွာ…

Anonymous said...

ကြာခဲ့ပါပြီ..။

weikhine said...

mone sa ya mone daing gyi naw...!!
aww..

ပုံရိပ် / Pon Yate said...

အားလုံးပဲ လာဖတ်သွား ကြတာ ကျေးဇူးပါ။