Friday 21 August 2009

ခုတလော….

မတန်ခူးရေ နောက်ကျသွားပြန်ပြီ။

တွေးနေမိတာက…
ဒေါသတွေကို လျှော့ရမယ်။ စိတ်ကို ရှင်းရဦးမယ်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက…
တော်တော် စိတ်ဓာတ် ညံ့ဖျင်းသေးတာပဲ

ကျန်းမာရေး...
ဒီလိုပါပဲ

ဖတ်ဖြစ်တဲ့ စာအုပ်တွေက…
Bottom Billions

ရောက်ဖြစ်နေတာက…
အလုပ်နဲ့အိမ် အိမ်နဲ့ အလုပ်

ရေးဖြစ်နေတာက…
စိတ်ထဲမှာ….ချတော့ ရေးဦးမယ်…

နားထောင်ဖြစ်နေတာက…
အများကြီးပဲ….

ရွတ်နေမိတဲ့ ကဗျာက…
မရွတ်ဖြစ်ပါဘူး…

ဖြစ်ချင်နေတာက…
အသုံးဝင်တဲ့သူ…

စားဖြစ်နေတတ်တာက…
အချဉ်ထုပ်

သနားနေမိတာက…
တရားမရှိသောသူတွေ

လွမ်းနေမိတာက…
သူ...

မေ့လျော့ပစ်နေမိတာက…
နာကျင်မှုတွေ

ခါးသက်နေမိတာက…
မရောင်ရာ ဆီလူးနေရတဲ့ ကိုယ့်ဘ၀ကြီး

တမ်းတနေမိတာက…
ရောက်လာမယ့် အနာဂတ်ကို

ကြိတ်ပြီးချီးကျူးနေမိတာက…
လှိုက်လှိုက်လှဲလှဲ ချီးကျူးပါတယ်…

ကြိတ်ပြီးအထင်သေးနေမိတာက…
တရားမဲ့သူတွေ…

ဆန္ဒမရှိတဲ့နေရာ…
ပြောကို မပြောချင်ဘူး....

ဆန္ဒရှိနေတဲ့ကိစ္စ…
တိတ်ဆိတ်သော နေရာ….။ အားလုံးကို မေ့ထားချင်တယ်။

မုန်းတီးနေမိတာက…
နိုင်ထက်စီးနင်း၊ တရားမဲ့သူတွေ…

ချစ်နေတာက…
သူ...

စိတ်ပျက်နေမိတာက…
လက်ရှိ အခြေအနေ...

စွဲလမ်းနေမိတာက…
စွဲပြီးတဲ့နောက် မလမ်း တော့ပါဘူး…

လိုအပ်နေတာက…
ငြိမ်းချမ်းသော စိတ်

တောင်းနေမိတဲ့ဆု…
အားလုံး မြန်မြန်ပြီးသွားပါစေတော့။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
အရွဲ့တိုက်ချင်နေတယ်……အရွဲ့တိုက်ချင်နေတယ်

ဝန်ခံချင်တာက
ကိုယ့်ကိုယ်ကို အားမရဘူး။ အမြင်ကပ်တယ်။

13 comments:

nu-san said...

လွမ်းနေမိတာက…
သူ...


အမကို ပြောတာလားဟင်.. :D

ကိုယ့်ကိုကိုယ်တော့ အမြင်မကပ်ပါနဲ့ ပုံရိပ်ရယ်.. :)

တန်ခူး said...

အလေးအနက်ရေးပေးတာကိုပဲ ကျေးဇူးတင်ပါတယ်ညီမရေ…
ချစ်နေမိတဲ့သူကို လွမ်းမနေရအောင် အမြန်ဆုံးနီးရပါစေလို့ …
ဒီလောက်စာကောင်းလေးတွေ ဖန်တီးတတ်တဲ့ ပုံရိပ်က ကိုယ့်ကိုယ်ကို ဘာလို့ အားမရဖြစ်နေရတာလဲကွယ်… ငြိမ်းချမ်းပါစေညီမရေ…

Sonata Cantata said...

ပုံရိပ်ရေ
ပို့စ်အသစ်တက်လို့ လာဖတ်တယ်။
အမလို ကိုယ့်အကြောင်းတွေချည်း မဟုတ်ပဲ စိတ်ကူးကောင်းလေးတွေ ပုံရိပ်ထင်တတ်တဲ့သူကို စာတွေ အများကြီးရေးနိုင်ပါစေ လို့
ခုတလော...နဲ့ ရော ပြောခဲ့တယ်...
(မဆီမဆိုင် ကိုယ့်အကြောင်းက မပါပါအောင် ထည့်သွားသေး)

သက်ဝေ said...
This comment has been removed by the author.
သက်ဝေ said...

ညီမရေ...
အခုတလော ကို လာဖတ်ပါတယ်...
ညီမကိုကြည့်ရတာ စိတ်တွေရှုပ်နေပုံရတယ်...
တခါတခါတော့ ဒီလိုပါပဲ...
အမလဲ အခုတလော စိတ်ရှုပ်နေတယ်...
ဘာလုပ်လုပ် စိတ်မပါဘူး...

ညီမ စိတ်သက်သာရာ ရတဲ့တနေ့ကျ စာတွေ အများကြီး ပြန်ရေးနော်...

ချစ်တဲ့
သက်ဝေ

pandora said...

ခုတလောလား..
အင်း..
ခုတစ်ရက်နှစ်ရက်တော့.. ကွိုင်တွေချည်းပဲ

JuneOne said...

အချဉ်ထုပ်ရှိသေးတယ် စားဦးမလား။
ဟုတ်တယ် ကိုယ့်ကိုကိုယ် အမြင်ကပ်ဆုံးပဲ။သဘောတူတယ်။

tg.nwai said...

ပုံရိပ်ရေ... လွမ်းနေတာတွေ ပြေပါစေလို့...။

ရွှေဂျမ်း said...

ခုတလောမှ ပြန်ပေါ်လာသော ပုံရိပ်ကို လာကြည့်ပါသည်။း) အမြင်မကပ် အလွမ်းတွေပြေပြီး ပျော်ရွှင်ပါစေ ပုံရိပ်ရေ။

Moe Cho Thinn said...

ညီမလေး ပုံရိပ်ရေ
ခံစားချက်တူသူချင်း လာအားပေးနားလည်သွားပါတယ်။

ပုံရိပ် / Pon Yate said...

မနုစံရေ အစ်မကိုလည်း လွမ်းပါတယ်။ ပျောက်နေတာ ကြာပြီကိုး။

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ မတန်ခူး။

ဟုတ် မသီတာ။ ပုံရိပ်လည်း ရေးနိုင်ဖို့ စဉ်းစားလိုက်ဦးမယ်။

မသက်ဝေ စိတ်ကတော့ ခဏခဏ ရှုပ်ရတာပဲနော်။ စိတ်ရှင်းအောင် ကြိုးစားနေကြည့်နေတယ်။

မပန်ရေ အခွေလိုက်ပဲ...။

မကျော့... မြန်မာပြည်က ပြန်ပါလာတဲ့ အချဉ်ထုပ်တွေ မျှပါဦး။

မသိင်္ဂီ ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ။

မဂျမ်းရေ ပျောက်နေတာ တော်တော် ကြာပေါ့။ ပြန်ရေးပါဦး။

အစ်မချိုသင်းရေ ကျေးဇူးပါ။ အစ်မလည်း စာတွေ မရေးတာ ကြာပြီနော်။ ရေးပါဦး။

အိမ့်ချမ်းမြေ့ said...

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
အရွဲ့တိုက်ချင်နေတယ်……အရွဲ့တိုက်ချင်နေတယ်

ဝန်ခံချင်တာက
ကိုယ့်ကိုယ်ကို အားမရဘူး။ အမြင်ကပ်တယ်။

Sooo cute. :)

ပုံရိပ် / Pon Yate said...

မလေးရယ် လုပ်ပြီ။ :D
အရွဲ့ တိုက်ချင်နေတာတော့ အမှန်ပဲ။