Sunday, 5 August 2007

အဓိပ္ပာယ်

စိတ်တိုင်းကျကြီး မဟုတ်သော်လည်း တင်လိုက်ပါဦးမယ် ကဗျာတစ်ပုဒ်။

ပတ်ဝန်းကျင်က သတ်မှတ်တာလား
ကိုယ်ဟာ တစ်ကယ်ပဲလား
ဘ၀ဆိုတာ ကိုယ်မပိုင်မှတော့
လွှင့်ပစ် လိုက်ရုံပေါ့။

ခေါင်းမညိတ် နဲ့လေ
မတန်ပါဘူး
ရခဲ့တဲ့ ဖလား အစုတ်တစ်လုံး
ပေးလိုက် ရတာဝိညာဉ် တစ်ကောင်။
ကိုယ်မသိ မှတော့ မြေမြှုပ်ပစ် လိုက်မယ်
အတ္တ တစ်ထောင်။

4 comments:

ဂျစ်တူး - gyit_tu said...

(ကိုယ်မသိ မှတော့ မြေမြှုပ်ပစ် လိုက်မယ်
အတ္တ တစ်ထောင်။)

သိပ်ကြိုက်တယ်း)

Tesla said...

မတန်ပါဘူး တဲ့ ဟုတ်ပဗျာ..

pandora said...

ဖလားစုတ်ကို သေသေချာချာပွတ်ကြည့်ဦး . ရွှေဖလားကြီး ဖြစ်နေဦးမယ်။
ဟော.. မောင်တက်ကြားသွားလို့ လှည့်ပြန်လာပြီ..
မပေး ပေး ပေး ပေးပေးပေး ငါ့ရွှေခွက် ပြန်ပေး တဲ့။

ponyate said...

မဂျစ်ရေ.. ပုံရိပ်ရေး သမျှ အားပေးတာ ရှဲရှဲ ဟီး
ကိုတက်… တန်တာလေး တွေလုပ်လိုက်ဦး။ မပန်ကတော့ ကိုတက်ကို လက်စားပြန်ချေ နေပြီ။
မပန်.. ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း လိုက်ပြီပေါ့…:D