စိတ်တိုင်းကျကြီး မဟုတ်သော်လည်း တင်လိုက်ပါဦးမယ် ကဗျာတစ်ပုဒ်။
ကိုယ်ဟာ တစ်ကယ်ပဲလား
ဘ၀ဆိုတာ ကိုယ်မပိုင်မှတော့
လွှင့်ပစ် လိုက်ရုံပေါ့။
ခေါင်းမညိတ် နဲ့လေ
မတန်ပါဘူး
ရခဲ့တဲ့ ဖလား အစုတ်တစ်လုံး
ပေးလိုက် ရတာဝိညာဉ် တစ်ကောင်။
ကိုယ်မသိ မှတော့ မြေမြှုပ်ပစ် လိုက်မယ်
အတ္တ တစ်ထောင်။
4 comments:
(ကိုယ်မသိ မှတော့ မြေမြှုပ်ပစ် လိုက်မယ်
အတ္တ တစ်ထောင်။)
သိပ်ကြိုက်တယ်း)
မတန်ပါဘူး တဲ့ ဟုတ်ပဗျာ..
ဖလားစုတ်ကို သေသေချာချာပွတ်ကြည့်ဦး . ရွှေဖလားကြီး ဖြစ်နေဦးမယ်။
ဟော.. မောင်တက်ကြားသွားလို့ လှည့်ပြန်လာပြီ..
မပေး ပေး ပေး ပေးပေးပေး ငါ့ရွှေခွက် ပြန်ပေး တဲ့။
မဂျစ်ရေ.. ပုံရိပ်ရေး သမျှ အားပေးတာ ရှဲရှဲ ဟီး
ကိုတက်… တန်တာလေး တွေလုပ်လိုက်ဦး။ မပန်ကတော့ ကိုတက်ကို လက်စားပြန်ချေ နေပြီ။
မပန်.. ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း လိုက်ပြီပေါ့…:D
Post a Comment