စားသောက်ရုံမှာ လူတွေလျှံ လို.နေပြီ။ ကျွန်မ ၀င်လာချိန် နောက်ကျတာပဲ။ နေ.လည်စာ ၀ယ်ဖို. တစ်ဆိုင်ပြီး တစ်ဆိုင် လိုက်ကြည်.တော့ နေရာတိုင်းလိုလိုတွင် လူတန်းက ရှည်လှသည်။ ကျွန်မ တန်းစီရမည်. အလုပ်ကို စိတ်မရှည်နိုင်ပါ။ လူအနည်းဆုံး ဖြစ်မည်. နေရာလိုက်ရှာယင်း “Vegan” ဟူသော စာလုံးကိုတွေ.လိုက်သည်။ ထိုစာလုံးကို စိတ်ဝင်စားခဲ့တာ ကြာပါပြီ။ ထိုဆိုင်းဘုတ် အောက်တွင်လည်း လူအများကြီး ရှိမနေပါ။ ထို.ကြောင့် ထိုအစားအသောက်ကို စူးစမ်းကြည်.ရန် ကျွန်မဆုံးဖြတ် လိုက်ပါသည်။
အစားအသောက်က ရိုးစင်းပါသည်။ ပဲပုပ်နှင့်လုပ်သော အသားတုညှပ် ပေါင်မုန်.ပေါ့။ မဆိုးပါဘူးဟု ကောက်ချက်ချယင်း ဒီလိုအစားအစာကို နေ.တိုင်းစားဖို. ဆုံးဖြတ်ရဲသော လူအချို. အကြောင်းစဉ်းစားမိသည်။ သူတို.၏ အကြောင်းပြချက် ကတော့ သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှုကို ထိန်းသိမ်းဖို.တဲ့၊ ကျန်းမာရေး အတွက်တဲ့။ အသားစားသူ တစ်ယောက် တစ်နေ.စားဖို. အသားရရန် ရေ ၁၅,၀၀၀ လီတာ(ရေအခါ ၃၀၀ ချိုးလို.ရသတဲ့) ကုန်သတဲ့။ သက်သတ်လွတ်စားသူ အတွက်ကတော့ ရေ ၁,၁၅၀ ကနေ ၅,၀၀၀ လီတာပဲ ကုန်ပါသတဲ့။ စားဖို.မွေးထားတဲ့ နွားတစ်ကောင်က တစ်နေ.ကို အီအီးနဲ. ရှူရှူး ၂၃ ကီလိုဂရမ် ထွက်ပါသတဲ့။ (www.vegansociety.com)
နောက်…ကျွန်မအအံ့သြဆုံး အကြောင်းအရာ တစ်ခုကတော့ တိရိစ္ဆာန်များ၏ အခွင့်အရေးအတွက်တဲ့။ ကျွန်မမှာက “လူ.အခွင့်အရေး” ဆိုတဲ့စကားကိုတောင်မှ “ချိုးဖောက်မှု” ဆိုတဲ့ စကားနဲ.တွဲ၍ ကြားဖူးသည် ဆိုတော့ တိရိစ္ဆာန်များ၏ အခွင့်အရေး ဆိုသည်.စကားက အထူးအဆန်း ပါပဲ။ စည်းကမ်းကြီး၊ ခံယူချက်ကြီးတဲ့ လူအချို.ကတော့ အသားနဲ. တိရိစ္ဆာန်ထွက် ပစ္စည်းဆိုရင် မစားဘူး၊ မသုံးဘူးပေါ့။ အချို.က ကြက်ဥနွားနို. လောက်တော့ စားသတဲ့။ လျှော့ဈေးအနေနဲ. အချို.ကတော့ ကြက်တွေဝက်တွေကို လူဆန်ဆန် ကောင်းကောင်းမွေးမှ စားသတဲ့။ သူတို.တစ်တွေက နိုင်ရာစား ကြီးနိုင်ငယ်ညှင်း ၀ါဒကိုလူချင်း မပြောနဲ. တိရိစ္ဆာန်တွေနဲ.တောင် မကျင့်သုံးချင်ပါတဲ့။
ဒီလိုနဲ. ကျွန်မတို. နိုင်ငံကလူတွေ ဘာကြောင့် သက်သတ်လွတ် စားပါသလဲလို. တွေးကြည်.မိပါတယ်။ ကျွန်မကြားဖူးသည်. အကြောင်းပြချက် အချို.ကတော့ မွေးနေ. အထိမ်းအမှတ်တဲ့၊ အခါကြီးရက်ကြီး အတွက်တဲ့ အဓိဋ္ဌာန်တစ်ခု အနေနဲ.ပေါ့။့  သာမန်အားဖြင့် စဉ်းစားကြည်.လျှင် ဘာသာရေး အတွက်လို.ထင်ရပေမယ့် ကျွန်မသိသလောက် ဗုဒ္ဓကတော့ သက်သတ်လွတ်စားဖို. မဟောခဲ့ပါဘူး။ ကိုယ့်အတွေးနဲ.ကိုယ် စဉ်းစားကြည်.တဲ့အခါ ရသတဏှာကို ဖြတ်နိုင်ဖို.ရယ်လို. ကောက်ချက်ဆွဲမိဆဲ။ စိတ်ရဲ. အလိုကို ထိန်းနိုင်စွမ်း ကိုလေ့ကျင့်ခြင်း သဘောမျိုး ပါလေမလားလို. စဉ်းစားမိပါတယ်။ သက်သတ်လွတ်စားခြင်းက ဘာသာရေးထက် ယဉ်ကျေးမှု ဓလေ့အရ ဖြစ်နိုင်ပါတယ်။ မှန်ချင်မှတော့ မှန်ပေမည်။ ကျွန်မအတွေးနဲ.တော့ ကျွန်မကျေနပ်လို.ပဲ။ ဒါပေမယ့် တိရိစ္ဆာန်များ အခွင့်အရေးအတွက် ဆိုတာကိုတော့ ဘယ်သူကများ တွေးမိနိုင်ပါ့မလဲ။ လူတွေရဲ. အခွင့်အရေးတောင် ဘယ်နေမှန်း မသိတဲ့ ဒေသမှာ ကျွန်မက တိရိစ္ဆာန်တွေရဲ. အခွင့်အရေး အကြောင်းပြောမိရင် လူရယ်စရာဖြစ်ကုန်တော့မည်။
အနောက်နိုင်ငံသားများရဲ.ညှာတာသနားတတ်မှုကို သဘောကျမိ သော်လည်း မြန်မာ ပြည်ကလာသူ တစ်ယောက်အနေနှင့် တိရိစ္ဆာန်တွေရဲ. အခွင့်အရေး အတွက် သက်သတ်လွတ်စားရမည်ကို ကျွန်မလိပ်ပြာမသန်.လှ။ (အသားစားရခြင်းအတွက် ဆင်ခြေပေါ့လေ။) ကြီးကြီးကျယ်ကျယ် ပြောရလျှင် ကမ္ဘာမြေအတွက်တော့ တာဝန်ပေါ့ကောင်း ပေါ့စေမှာပါ။
ဒီလိုနဲပဲ.့…ငတေ ကျွန်မသက်သတ်လွတ် စားဖြစ်ဦးမည် မဟုတ်ပါ။
7 comments:
မပုံရိပ်
ကျမသူငယ်ချင်းတစ်ယောက်က ပြောဘူးတယ်။
သူ သက်သတ်လွတ်စားတာ ဘာသာရေးအယူအဆ၊ ဘာအယူအဆတွေထက်
တိရစ္ဆာန်လေးတွေကို သနားလို့ မစားတာတဲ့။ ကျန်တာ ဘာမှ မမျှော်လင့်ဘူးတဲ့။
အလွန်ကောင်းတဲ့ ပိုစ့်လေးပါပဲ။
ဟုတ်ပါတယ် အနှောင်ကင်းကင်းနဲ. လုပ်ရတဲ့ အလုပ်က စိတ်ချမ်းသာတယ်။ ကျေးဇူးပါ မအိမ့်။
“လူ.အခွင့်အရေး” ဆိုတဲ့စကားကိုတောင်မှ “ချိုးဖောက်မှု” ဆိုတဲ့ စကားနဲ.တွဲ၍ ကြားဖူးသည်
လူတွေရဲ. အခွင့်အရေးတောင် ဘယ်နေမှန်း မသိတဲ့ ဒေသမှာ ကျွန်မက တိရိစ္ဆာန်တွေရဲ. အခွင့်အရေး အကြောင်းပြောမိရင် လူရယ်စရာဖြစ်ကုန်တော့မည်။ "
သတ်သတ်လွတ်နဲ့ ပတ်သတ်ပြီး တခါမှ ဒီလိုမတွေးဖူးဘူး ... သိပ်ကောင်းတဲ့ အတွေးပဲဗျာ ... ကျေးဇူး မပုံရိပ် ...
ဟုတ်တယ် အမ။ တကယ်တော့ တရိစ္ဆာန်လေးတွေကို မစားတော့ မစားချင်ပါဘူး ။ ဒါပေမဲ့ အပင်ဆိုက်လို့ မရတဲ့ ဒေသရောက်ပြန်တော့လည်း အသားကို စားရတာပါပဲ။ စားမယ်ဆိုရင်တော့ ဖြစ်မှာပါ။။လူ့ဆင်ချေလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော့် အဒေါ် သတ်သက်လွတ် စားတာ ခုထိပါပဲ။ သူနေတာ ယိုးဒယားမှာဆိုတော့လည်း အသီအရွက်ကပေါ်များပါပေတယ်။ အရမ်းကောင်းတဲ့ အတွေးအခေါ်လေးပါ။
လာဖတ်သြွး တာကျေးဇူးပါ ကိုမင်းမင်း။
ကျွန်တော်ကတော့ ဒီလိုပဲ စားလိုက်တာပဲ … ကျွန်တော်ကတော့ သတ်သတ်လွတ် စားတာမစားတာထက် ကိုယ်ကမသတ်မိဖို့က ပိုအရေးကြီးမယ်ထင်တယ် (သတ်ဖို့အားမပေးတာလည်းပါတယ်) … ဘာအသား ကိုစားရမှ ဘာအရွက်ကိုစားရမှ မဟုတ်ဘူး၊ စားစရာဆို တော်တော်များများစားတာပဲ… ဘာကိုမကြိုက်ဘူးလဲဆိုတာကိုတောင် တော်တော်စဉ်းစားရတယ်…
လူတွေရဲ. အခွင့်အရေးတောင် ဘယ်နေမှန်း မသိတဲ့ ဒေသမှာ တိရိစ္ဆာန်တွေရဲ့ အခွင့်အရေး အကြောင်းပြောမိရင် လူရယ်စရာဖြစ်ကုန်တော့မည် ဆိုတဲ့စကား အကြိုက်ဆုံးဘဲ...
Post a Comment