Thursday, 28 June 2007

ရှဥ့်ကဗျာ

တစ်နေ့သ၌ ကျွန်ုပ် ပုံရိပ်သည်.…အဲဟုတ်ပေါင်။ မနက် အလုပ်သွားရင်း လမ်းမှာတွေ့တဲ့ အကြောင်းအရာလေး တစ်ခုပါ။ ရေးချင်တာ တွေလျှောက်ရေးထားတာ။ သည်းခံပြီး ဖတ်ကြပါ။

တစ်ပင်ပေါ်၊ နှစ်ပင်တက်
လက်လက်ထ၊ ရှဥ့်ညိုညို
သစ်ရိပ်မှာခို။

အမြီးတို တဖွားဖွား
လွှားကျော်ကာ၊ လမ်းပေါ်လား လေတော့
ကားအောက် မှာပြား။

3 comments:

pandora said...

ဟောတော့ .. ဖြစ်မှဖြစ်ရလေ.....

မိုးညို said...

“တစ်ပင်ပေါ်၊ နှစ်ပင်တက်
လက်လက်ထ၊ ရှဥ့်ညိုညို
သစ်ရိပ်မှာခို။”

မျက်စိထဲ မြင်တယ်ဗျ ... အဲဒီ ရှဉ့် ကမြင်းလေးကို

“အမြီးတို တဖွားဖွား
လွှားကျော်ကာ၊ လမ်းပေါ်လား လေတော့”

အား ... တကယ်တွေ့နေရသလိုပဲ ... သူ့နောက်က စိတ်ကူးနဲ့တောင် လိုက်ကြည့်မိတယ် ...
လွှားကျော်ကာ လမ်းပေါ်လားလေတော့ ... ကျနော်ပါ လမ်းပေါ်ထိပါသွားသလိုပဲ ...

“ကားအောက် မှာပြား။ ”

ဟဲ့ ... သောက်ပလုတ်တုတ် ...
အောင်မလေးဗျာ ... ဘယ်နှယ့် ... အကောင်းမှတ်လို့ ဖတ်ပါတယ် ... မရှုမလှ သူ့ခဗျာ ...
ကောင်းတယ်ဗျာ .. မပုံရိပ်ရေ .. ကဗျာက တိုတိုလေးပါပဲ ... တွေးမယ်ဆို တွေးစရာတွေချည်းပဲ ... ကျေးဇူးဗျာ...

တစ်ကိုင်းမှ တစ်ကိုင်းကူး
မြူးတူးကြ ရှဉ့်မောင်နှံ
တောစပ်မှာ စံ။

ရှဉ့်မေပျို မြီးတိုဖွား
လှသလား သူကြွားလို
လွှားကျော်ကာ၊ လမ်းပေါ်လား လေတော့
ဟမယ်မင်း ... တေဂျင်းဆိုး ကား ရယ်က
ကြိတ်ပါရော့လား ....

ကျန်ရစ်တဲ့ ငရှဉ့်ညို
သူ့မေပျို နားကို သွား
မြီးတိုပြား ဖက်ကာငို
သူဆိုတဲ့ စကား
ကဲ ... မှတ်ပလား ...

မပုံရိပ်ရေ ... ဂလို ဆက်တွေးမိသဗျား ....

ponyate said...

မပန် ရှဥ့်တွေက ဒီလိုပဲ။ လမ်းပေါ်မှာ “ရှဥ့်ပြား” လေးတွေ မကြာခဏ တွေ.ရတတ်တယ်။
ကိုမိုးညို ကဗျာက ပိုပြီးတောင် ကောင်းသေး။ ကျေးဇူးဗျို.။
“မီးတိုပြား ဖက်ကာငို
သူဆိုတဲ့ စကား
ကဲ ... မှတ်ပလား ...”
အဲဒီ စာပိုဒ်ဖတ် ပြီးရယ်မိတယ်။ ရှဥ့်လေးတွေ မသနားလို့ မဟုတ်ပါဘူး။ ဟီး။