Saturday, 30 June 2007

ညတမ်းချင်း

Paint နဲ့ ပုံတွေဆွဲတဲ့ မပန်ကို အားကျလို့။ ကြွက်ကလေးကို အမြီးဆွဲပြီး ဆွဲထားတာ။

တိတ်ဆိတ်တဲ့
ကောင်းကင်အောက်
ငါတယောက်တည်း။

ကြယ်ရောင်တွေ တရေးနိုး
ကြီးစိုးတဲ့ အိပ်မက်။

အနန္တ စကြာဝဠာ
ရေတွက်ရာ မကုန်နိုင်ခဲ့
နှိုင်းယှဉ်ကာ ဝေခွဲမရ

ငါ ….မြူမှုန်ပါပဲ။

4 comments:

pandora said...

ကလေးပုံလေး ဆိုတော့
တဂိုး ရဲ့ ကဗျာလေးတစ်ပုဒ်ကို သတိရသွားတယ်။ ဆရာကြီးမြသန်းတင့်ဘာသာပြန်ထားတာ..
အတိအကျတော့ မမှတ်မိတော့ဘူး.. အဓိပ္ပာယ်ကဒီလို
အသုဘ အခန်းအနား ပြီးတော့ ကလေးကသူ့အဖေကိုမေးတယ်
မေမေဘယ်မှာလဲတဲ့
အဖေကပြောတယ် ကောင်းကင်ဘုံမှာတဲ့
ညမှာ ကလေးက ကောင်းကင်ကြီးကို မော့ကြည့်ပြီးတော့
ကောင်းကင်ဘုံ ဘယ်မှာပါလိမ့်…
ကလေးရဲ့ လည်ပင်းမှာ ရွှေဆွဲကြိုး ဟီးလေးခိုလို့
ကလေးငယ်ရဲ့ မျက်ရည်တွေဟာလည်း တလက်လက်နဲ့တဲ့
(မှားရင် ပြင်ပေးပါ. မမှတ်မိတော့.။ တိမ်းရှောင်သူနဲ့ ငှက်တေလေကဗျာများ ထဲက လို့ ထင်တာပဲ)

ponyate said...

အဲဒီ ကဗျာ မဖတ်ဖူးဘူး မပန်။ ပြောပြတာ ကျေးဂျူး။ `
“ကလေးရဲ့ လည်ပင်းမှာ ရွှေဆွဲကြိုး ဟီးလေးခိုလို့” အဲဒါ ဘာကိုဆိုလို တာလဲဟင်။

Anonymous said...

ပုံရိပ်ကလည်း ပုံပါရသား ။ ပုံလေးရော ကဗျာလေးရော လှတယ် .. လေးစားတယ်.. ပုံရိပ်ကိုရော.. မပန်ရေား)

ponyate said...

အဟဲ အဲဒါ မနဲလက်ငြိမ် အောင်ဆွဲ ရင်း ကံစွပ်ပြီး ကလေးပုံ ရသွားတာ မဂျစ်။ အားပေးတာ ပီတိ ဖြစ်ရ ပါတယ်။ :)