Monday 11 June 2007

နေနည်း

ပြီးခဲ့တဲ့ အချိန်တွေ

ငါသတိမရ။

ပျော်ခဲ့တဲ့ ရယ်သံတွေ

ငါမတမ်းတ။

ဆိုခဲ့ကြတဲ့ သီချင်းတွေ

ငါပြန်ဆိုမိလည်း

ငါ…မလွမ်း။


အတူရှိခဲ့တဲ့ အချိန်များသာ

ငါ့ အတွက် အရေးကြီး။

ဘာများ တတ်နိုင်ဦးမှာလဲ….

အချိန်ဆိုတာ သွားပြီးရင်

နောက်ပြန် မကြည့်တာ

မင်းလည်း အသိ

ငါလည်း သိသားပဲကွယ်…။


1 comment:

moe nyo said...

"အတူရှိခဲ့တဲ့ အချိန်များသာ
ငါ့ အတွက် အရေးကြီး။
ဘာများ တတ်နိုင်ဦးမှာလဲ….
အချိန်ဆိုတာ သွားပြီးရင်
နောက်ပြန် မကြည့်တာ "
ဒီကဗျာကို ခေါင်းစဉ်ပေးထားတာ မိုက်တယ်ဗျာ ... ရိုးရိုးလေးပါပဲ ... ဒါပေမဲ့ ... ကောင်းတယ် ...